သတင်းထုတ်ပြန်ချက် (၁/၂၀၂၅)
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်
၁။ နွေဦးတော်လှန်ရေး ဆင်နွှဲလျက်ရှိသော တော်လှန်ရေးကြားကာလ (Interim period) အတွင်းနှင့် တော်လှန်ရေးအောင်မြင်ပြီး အသွင်ကူးပြောင်းရေးကာလ (Transition period) တွင် ကျန်းမာရေးပညာရှင် လုပ်သားအင်အားစုများအားလုံး၏ အကျိုးစီးပွားကို တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝဖြင့် ဖော်ဆောင်ပေးမည့် ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ (Federal Health Professional Council – FHPC) ကို အမျိုးသားကျန်းမာရေးကော်မတီ (National Health Committee – NHC) က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ပါမောက္ခ ဒေါက်တာခင်မောင်လွင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် ကြေညာချက်အမှတ် (၁/၂၀၂၅) ဖြင့် ပါမောက္ခဒေါက်တာခင်မောင်လွင်အား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါသည်။
၃။ ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ (FHPC) ၏ လစ်လပ်သွားသော ဥက္ကဋ္ဌတာဝန်အား ပါမောက္ခဒေါက်တာခင်မောင်လွင်က ပါမောက္ခဒေါက်တာ Alice ထံသို့ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ပါမောက္ခဒေါက်တာ Alice သည် ဖက်ဒရယ် ကျန်းမာရေးပညာရှင်များကောင်စီ (FHPC) ၏ ဥက္ကဋ္ဌတာဝန်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်နေ့မှစတင်၍ တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
အမျိုးသားကျန်းမာရေးကော်မတီ (NHC)