(၃) ဇန်နဝါရီ ၂၀၂၅
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် ရှေ့တန်းတနေရာရှိ ဒဏ်ရာရရဲဘော် များထံသွားရောက်တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ဆေးခန်းအသုံးစရိတ်များ ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးချုပ် ၏ ကိုယ်ရေးအရာရှိ ကိုနောင်ရိုး၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုစစ်ရေးချုပ် ဒေါက်တာယင်းမာ၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး(၂) ရဲဘော်စောရှား၊ပညာရေးဝန်ကြီးဌာနအမြဲတမ်း အတွင်းဝန်ဦးမျိုးသန့်တို့ လိုက်ပါခဲ့သည်။ အဆိုပါ ဆေးခန်းတွင် CDM ဆရာဝန် (၃) ဦးနှင့်အတူ သူနာပြုများ၊ ဆေးအကူများ ပူးပေါင်း၍ ဒဏ်ရာရရဲဘော်များကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေခြင်းဖြစ်သည်။

