၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၇) ရက်
တနင်္သာရီတိုင်းတွင် တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူခြင်း
၁။ တနင်္သာရီတိုင်းတွင် တာဝန်ထမ်းဆောင်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူခြင်းဖြစ်ပါသည်။
၂။ အောက်ဖော်ပြပါ တာဝန်များအတွက် လျှောက်လွှာ တင်သွင်းနိုင်ပါသည်။
(၁) အထူးကုဆရာဝန်များ၊ ဆရာဝန်များ (မည်သည့်အထူးကုဘာသာရပ် အမျိုးအစားမဆို)
(၂) အထူးပြုသူနာပြုများ၊ သူနာပြုများ (မည်သည့်အထူးပြုဘာသာရပ် အမျိုးအစားမဆို၊ မည်သည့်ရာထူးအမျိုးအစားမဆို)
(၃) ကျန်းမာရေးမှူးများ (မည်သည့်ရာထူးအမျိုးအစားမဆို)
(၄) အမျိုးသမီးကျန်းမာရေးဆရာမများ (LHV)
(၅) ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁ များ
(၆) သားဖွားဆရာမများ
(၇) ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ များ
၃။ လျှောက်ထားသူသည် –
(က) ပြည်ထောင်စုမြန်မာနိုင်ငံဖွား ဖြစ်ရမည်။
(ခ) ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။
(ဂ) နိုင်ငံ့ဝန်ထမ်းဖြစ်ပါက CDM ဝန်ထမ်း ဖြစ်ရမည်။ အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်မှု မရှိသူ ဖြစ်ရမည်။
(ဃ) နိုင်ငံ့ဝန်ထမ်းမဟုတ်ပါက အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်မှု မရှိသူ ဖြစ်ရမည်။
(င) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ချထားမည့် နေရာဒေသများသို့ သွားရောက်၍ တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
၄။ လျှောက်ထားလိုသူများအနေဖြင့် (၃၀-၆-၂၀၂၅) ရက်နေ့ နောက်ဆုံးထား၍ နေ့စဉ် ပိတ်ရက်မရှိ၊ နံနက် (၁၀) နာရီမှ ည (၈) နာရီအထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာန၏ Telegram Account – https://t.me/HR_MOHNUG သို့မဟုတ် Telegram Username – @HR_MOHNUG တွင် လျှောက်လွှာပုံစံများ ထုတ်ယူ၍ ပေးပို့လျှောက်ထားနိုင်ပါသည်။
၅။ အတည်ပြုရွေးချယ်ခြင်း ခံရသူများသည် တာဝန်ချထားမည့်နေရာများအတွက် လိုအပ်သည့် သင်တန်းများကို သတ်မှတ်အစီအစဉ်များအတိုင်း တက်ရောက်ရမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဒေသအသီးသီးသို့ တာဝန်ချထားမည် ဖြစ်ပါသည်။
၆။ တော်လှန်ရေးကာလနှင့် ကြားကာလ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးသူရဲကောင်းများအတွက် လက်ရှိကာလအတွင်း လူမှုဘဝလုံခြုံမှု နှင့် လုပ်ငန်းခွင်လုံခြုံမှုများကို ကာကွယ်စောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် အစီအစဉ်များ ချမှတ်ထားရှိပြီး တော်လှန်ရေးအလွန်ကာလတွင်လည်း ဘဝအာမခံချက်များနှင့် အထူးအခွင့်အရေးများကို ဖက်ဒရယ်ဒီမိုကရေစီမူဝါဒများနှင့်အညီ ပေးအပ်သွားမည်ဖြစ်ပါသည်။
၇။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေသည့် ကျန်းမာရေးအင်အားစုများနှင့် တော်လှန်ရေးကာလအတွင်း အခက်အခဲအမျိုးမျိုးကြား၌ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ ကျန်းမာရေးသူရဲကောင်းများအားလုံးကို အထူးအသိအမှတ်ပြု၊ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ