၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၂၁၃.၁၇) သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့ပါကြောင်း အစိုးရနှင့်ပြည်သူအကြား အချင်းချင်း အားပေးအားယူ ပြုနိုင်ရန်အတွက် တင်ပြအပ်ပါသည်။
အဆိုပါ တော်လှန်ပြည်သူများ၏ ပြည်သူမှပြည်သူ အလှူငွေဖြစ်သည့် ငွေကျပ် (၂၁၃.၁၇) သန်းကို အောက်ပါကဏ္ဍများ၌ အသုံးပြုခဲ့ပါသည်-
၁) နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ/စစ်ဘေးရှောင်ပြည်သူ (၅၉,၀၅၄) ဦး၏ အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် (၁၀၂.၈၁) သန်း
၂) ထိတွေ့တိုက်ပွဲများ၌ ကျဆုံးခဲ့ရသည့် သူရဲကောင်းပြည်သူ (၁၇၄) ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၅၂၅) ဦးအတွက် အရေးပေါ်လူသားချင်းစာနာမှု အကူအညီအဖြစ် ငွေကျပ် (၅၁.၅၉) သန်း
၃) နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့မိသားစုဝင်များအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၀.၇၅) သန်း
၄) သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူများအတွက် ငွေကျပ် (၄၇.၄၂) သန်း
၅) CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုများ ငွေကျပ် (၅.၆၀) သန်း
၆) အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၅.၀၀) သန်း

ဝန်ကြီးဌာန၏ ဩဂုတ်လ (၁) လတာ ပံ့ပိုးပေးနိုင်ခဲ့မှု အခြေအနေများကို အစီရင်ခံတင်ပြရင်း တော်လှန်ရေး (၄) နှစ်ကျော်ကာလအတွင်း တော်လှန်ရေးအောင်မြင်နိုင်ရေးကိုသာ ရှေးရှုပြီး အဖက်ဖက်အကြပ်အတည်းများကြားမှ ကြံ့ကြံ့ခံကာ ပါဝင်တော်လှန်နေသော ပြည်သူတစ်ဦးချင်းစီတိုင်း၏ လုပ်ဆောင်ချက်များ၊ ထားရှိသည့်စိတ်ဓါတ်များကို လေးစားဂုဏ်ယူမိပါကြောင်းနှင့် ရှေ့ဆက်၍လည်း ယခုလို မလျော့သောဇွဲဖြင့် ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက် သွားကြပါစေကြောင်း တိုက်တွန်းတင်ပြအပ်ပါသည်။






