၁။ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းတာဝန်များ ဆောင်ရွက်နိုင်ရေး အတွက် အလုပ်နေရာများ လျှောက်ထားနိုင်ပါသည်။
၂။ လျှောက်ထားသူသည် –
(က)ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ ) ဝန်ကြီးဌာန၏ လုပ်ငန်းသဘောသဘာဝများကို သိကျွမ်းနားလည်ထားသူဖြစ်ရမည်။
(ဂ ) ကျန်းမာရေး ကောင်းမွန်သူဖြစ်ရမည်။
(ဃ)အကြမ်းဖက်စစ်အုပ်စု လက်အောက်တွင် တာဝန်ထမ်းဆောင်နေသူမဖြစ်ရ။
(င ) စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းတွင် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရ မည်။
(စ ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သယံဇာတကိစ္စရပ်များတွင် အတွေ့အကြုံရှိသူ ဖြစ်ရမည်။
၃။ ဝန်ထမ်းရွေးချယ်ခန့်အပ်ရေးအဖွဲ့က အတည်ပြုရွေးချယ်ခြင်းခံရသူများသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အစီအစဥ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နေရာဒေသအသီးသီးသို့ တာဝန်ချထားမည် ဖြစ်ပါသည်။
၄။ ယခုကဲ့သို အလုပ်ခေါ်ယူခြင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလအတွင်း လုပ်ငန်းများအား အကောင်အထည်ဖော်ရာတွင် အထူးကိစ္စရပ်အနေဖြင့် ဝာာဝန်ထမ်းဆောင်ရွက်ရန်အတွက်သာ ဖြစ်ပါသည်။ CDM ဝန်ထမ်းများ၏ မူလရာထူး၊ နေရာများနှင့် သက်ဆိုင်ခြင်း မရှိပါ။
၅။ လျှောက်ထားလိုသူများအနေဖြင့် (၁၄-၉-၂၀၂၄)ရက်နေ့ နောက်ဆုံးထား၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ ဖော်ပြပါလင့်ခ်မှတဆင့် လျှောက်ထားနိုင်ပါသည်။
အောက်ပါနံပါတ်များမှ တဆင့် ဆက်သွယ်စုံစမ်းနိုင်ပါသည်။
သစ်တောနှင့် ပတ်ဝန်းကျင်ကဏ္ဍ
Telegram Account – +66806270249 Telegram Username @AlexBright74
Telegram Account – +66950402751, Telegram Username @fdmonrec
သတ္တုကဏ္ဍ
Telegram Account – +959768383582 Telegram Username @Mining_Gems
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ