Human rights violations’ data dashboard တင်ဆက်ခြင်း

အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ်အပျက်တွေနဲ့ ဘယ်လိုလူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်ခဲ့တယ်ဆိုတာတွေကို အချိန်နဲ့အမျှ တပြေးညီလေ့လာ ကိုးကားအသုံးပြုနိုင်ဖို့ Human rights violations’ data dashboard ကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထပ်မံထုတ်ပြန်လိုက်ပါပြီ။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို ပေးပို့တိုင်ကြားလာတဲ့အချက်တွေနဲ့ စနစ်တကျ ကောက်ယူ စုဆောင်းထားတဲ့အချက်တွေကို အခြေခံပြီး ကိန်းဂဏန်းတွေကို သုတေသနလုပ်ပြီး ဖော်ပြထားပါတယ်။
ဒီ Dashboard မှာ အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်စဉ်တွေကို လအလိုက်၊ဒေသအလိုက်၊ ချိုးဖောက်မှုအမျိုးအစားအလိုက်တွေ့နိုင်မှာဖြစ်ပါတယ်။
Dashboard ကိုကြည့်မယ်ဆိုရင် အခုအချိန်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်ပေါင်း (၁၆၁၇၈)ခု ရှိတာကိုတွေ့နိုင်မှာဖြစ်ပါတယ်။
လစဉ် ပထမပတ်အတွင်း ထပ်တိုးရရှိတဲ့အချက် အလက်တွေကို အောက်ပါ link ကနေ update ပြုလုပ်ကာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
(မှတ်ချက်။ ပြည်တွင်းserver များအနေနဲ့ VPN အသုံးပြုရန် လိုအပ်ပါသည်။)
Scroll to Top