၂၀၂၄ ခုနှစ်၊ ဇွန် ၂၈
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသည် ကိုးရီယား နိုင်ငံရောက် မြန်မာနိုင်ငံသားများပြုလုပ်သည့် “ပြည်သိမ်းအိမ်ပြန် တော်လှန်သင်္ကြန်” ရန်ပုံငွေ ဈေးရောင်းပွဲမှ ရရှိသည့် ကိုရီးယားဝမ် 17,985,611 (မြန်မာကျပ် သိန်း ၅၀၀) ဖြင့် ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်း အတွင်းရှိ မြို့နယ်စုစုပေါင်း (၁၈) မြို့နယ်မှ နေအိမ်မီးရှို့ခံပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူ (၇၁,၃၄၇) ဦးအတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် မိုးကာစများကို သက်ဆိုင်ရာ မြို့နယ် လူသားစာနာ တာဝန်ခံများကတဆင့် ဖြန့်ဝေထောက်ပံ့ခဲ့ပါသည်။
ယခုကဲ့သို့ အရေးပေါ် စားနပ်ရိက္ခာနှင့် အမိုးအကာထောက်ပံ့မှု များကို စစ်ဘေးရှောင်ပြည်သူများ၏ လက်ဝယ်အရောက် ရရှိ အောင် ဆောင်ရွက်ပေးခဲ့ကြသည့် မြို့နယ်အသီးသီးမှ လူသားစာနာ တာဝန်ခံများ၊ စေတနာ့ဝန်ထမ်းများနှင့် ရန်ပုံငွေ အလှူရှင်များ၏ ညီညီညွတ်ညွတ်ဝိုင်းဝန်းဆောင်ရွက်ခဲ့မှုများကို ဝန်ကြီးဌာနက အထူးပင် အလေးအနက်ထား ကျေးဇူးတင်ရှိပါသည်။

