အကြမ်းဖက်စစ်ကောင်စီနှင့်တက်ကြွစွာပူးပေါင်းလက်တွဲဆောင်ရွက်လျက်ရှိပြီး ကျင့်ဝတ်ဖောက်ဖျက်သည့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအား အမည်ပျက်စာရင်း (BLACK LIST) ကြေညာခြင်း

မေ ၁၈၊ ၂၀၂၄

ကြေညာချက်အမှတ် (၁/၂၀၂၄)

၁။ အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်း၍ စစ်အာဏာရှင်စနစ်တည်မြဲရေးအတွက် ကူညီပံ့ပိုး ပေးနေသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို အားပေးအားမြှောက်ပြုသည့် အနေဖြင့် ငွေကြေးများ ထောက်ပံ့ပေးနေခြင်း၊ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများထံမှ ဝင်ငွေခွန်ကောက်ခံခြင်း နှင့် လုပ်အားခ၏ ၂၅% အား မိသားစုထံလွှဲငွေအဖြစ် လွှဲပြောင်းပေးရန်ဟု အကြောင်းပြပြီး အလုပ် သမားများ၏ ချွေးနည်းစာကို အကြမ်းဖက်စစ်ကောင်စီထံ သွေးစွန်းငွေအဖြစ် လွှဲပြောင်းပေးအပ်ရန် တက်တက်ကြွကြွပူးပေါင်း ဆောင်ရွက်လျက်ရှိခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများအပေါ် ဝန်ဆောင်ခ အဆမတန်ကောက်ယူခြင်းနှင့် မိမိဆောင်ရွက်ပေးရမည့်ဝန်ဆောင်မှုကို ပြီးမြောက်အောင်မလုပ်ဆောင် ခြင်း (ဥပမာ-လုပ်ငန်းခွင်သို့ရောက်အောင်မပို့ဆောင်ခြင်း)၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု များကို အချိန်နှင့်တပြေးညီ လိုက်ပါဖြေရှင်း ဆောင်ရွက်ပေးမှုမရှိသည့် ပူးတွဲပါ ပြည်ပအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီများအား အမည်ပျက်စာရင်း (BLACK LIST) သတ်မှတ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

၂။ ပြည်ပတွင် သွားရောက်လုပ်ကိုင်လိုသည့် ပြည်သူများအနေဖြင့် ကျင့်ဝတ်နှင့် အညီဆောင်ရွက်မှု မရှိသည့် အထက်ပါ Black List သတ်မှတ်ထားသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီ များနှင့် လုံးဝ(လုံးဝ) ဆက်သွယ်ဆောင်ရွက်ခြင်း မပြုကြရန် သတိပေးအပ်ပါသည်။

https://go.nugmyanmar.org/00d80e14

Agency အမည်ပျက်စာရင်း (Black list) များကို​ ဤလင့်ခ်တွင် အချိန်နှင့် တပြေးညီ ကြည့်ရှုစစ်ဆေးနိုင်ပါသည်။

https://mol.nugmyanmar.org/blacklist/agency

Scroll to Top