“နိုင်ငံတော်သမ္မတဦးဝင်းမြင့် မိသားစုထံပြန်လည်ရောက်ရှိခြင်းအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ”

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ် ဧပြီလ ၂၂ ရက်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိနေချိန် အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးအကျဉ်းချခြင်းကို ခံခဲ့ရသည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် (၅) နှစ်ကျော်အကြာ ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် မိသားစုထံ ပြန်လည်ရောက်ရှိခဲ့သည့်အတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ – SCEF အနေဖြင့် မိသားစုနှင့်ထပ်တူ၊ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးနှင့် ထပ်တူ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်အနေဖြင့် ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ခိုင်မာခြင်းတို့ကို ပိုင်ဆိုင်ကာ နိုင်ငံ့အကျိုး၊ နိုင်ငံသူနိုင်ငံသားတို့၏ အကျိုးကို ဘေးအန္တရာယ်ကင်းစွာဖြင့် ဆက်လက်သယ်ပိုးထမ်းရွက်နိုင်ပါစေကြောင်း ဆန္ဒပြုဆုမွန်ကောင်းတောင်းအပ်ပါသည်။
ကျွန်ုပ်တို့အနေဖြင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက် တိုင်းရင်းသား ပြည်သူလူထုအားလုံးနှင့် အတူ အစွမ်းကုန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ
Steering Council for the Emergence of a Federal Democratic Union (SCEF)
Scroll to Top