အမျိုးသားညီညွတ်ရေးအစိုးရနှင့် မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီတို့ တွေ့ဆုံဆွေးနွေး

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၄) ရက်
နိုင်ငံတော်ယာယီသမ္မတကြီး ဒူဝါလရှီးလ ဦးဆောင်သော အမျိုးသားညီညွတ်ရေးအစိုးရနှင့် မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီတို့သည် ယနေ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် ZOOM Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံမှုတွင် နိုင်ငံတော် ယာယီသမ္မတကြီးနှင့်တကွ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြ၍ မန္တလေးကြားကာလ လုပ်ငန်းကော်မတီဝင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်နယ်/ဖက်ဒရယ်ယူနစ်ဆိုင်ရာ မူဝါဒသဘောထားများကို မျှဝေဆွေးနွေးပြီးနောက် မန္တလေးဒေသ မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီက မန္တလေးဒေသကြားကာလ နိုင်ငံရေးအစီအမံ မူကြမ်းရေးဆွဲရေးလုပ်ငန်းစဉ်နှင့်တကွ ရေးဆွဲထားသော မူကြမ်းကို မျှဝေဆွေးနွေးခဲ့ပါသည်။
ယင်းနောက် တက်ရောက်လာသူများအကြား မေးခွန်းများ မေးမြန်းခြင်း၊ အကြံပြုခြင်း၊ ဆွေးနွေးဖလှယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံဆိုင်ရာ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်သွားကြမည့် လုပ်ငန်းစဉ်ကိုလည်း ညှိနှိုင်းအတည်ပြုခဲ့ကြပါသည်။
Scroll to Top