“ရိုဟင်ဂျာပြည်သူများ ရက်စက်ကြမ်းကြုတ်စွာ အကြမ်းဖက်ခံခဲ့ရမှု အဋ္ဌမမြောက်နှစ်ပတ်လည်နေ့ ထုတ်ပြန်ကြေညာချက်”

(၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်)
(၂၀၁၇) ခုနှစ်တွင် အကြမ်းဖက်စစ်အုပ်စုက ရိုဟင်ဂျာပြည်သူများအား ရက်စက်ကြမ်း ကြုတ်စွာ အကြမ်းဖက်ခဲ့ပြီး ကြီးလေးသည့် ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့သည်။ ယင်းဖြစ်ရပ် အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချပြီး ထိခိုက်ခဲ့ရသည့် ရိုဟင်ဂျာပြည်သူများနှင့်အတူ ထပ်တူခံစားရကြောင်း သဘောထားများ ထုတ်ပြန်ခဲ့ကာ တရားမျှတမှုအတွက် ရိုဟင်ဂျာပြည်သူများနှင့်အတူ တစိုက်မတ်မတ် မြဲမြံစွာ ရပ် တည်လျက် ရှိနေပါသည်။
ရိုဟင်ဂျာပြည်သူများ အကြမ်းဖက်ခံရမှု (၈) နှစ်တိုင်ပြီး ဖြစ်သော်လည်း ထိုအကြမ်းဖက် ခံရမှုဖြစ်စဉ်အတွင်း တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် သိန်းချီသော ရိုဟင်ဂျာပြည်သူများ နေရပ်ပြန်နိုင်ခြင်း မရှိသေးသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အနေ ဖြင့် များစွာ စိတ်မသက်မသာ ဖြစ်ရပါသည်။
အခြေအနေအရပ်ရပ်ကြောင့် ရိုဟင်ဂျာပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးရမှုများ ဆက် လက်တည်ရှိနေသေးသည့် အခြေအနေများအပေါ်ကိုလည်း စိုးရိမ်ပူပန်ရပါသည်။ အမျိုးသားညီ ညွတ်ရေးအစိုးရသည် “ရိုဟင်ဂျာမူဝါဒ” တစ်ရပ်ကို ထုတ်ပြန်ထားပြီး ၎င်းမူဝါဒနှင့်အညီ ရပ်တည် ဆောင်ရွက်လျက် ရှိနေပါသည်။
လက်ရှိမြန်မာနိုင်ငံသည် အကြမ်းဖက်စစ်အုပ်စုကို အဘက်ဘက်မှ ရင်ဆိုင်တော်လှန် တိုက်ပွဲ ဝင်နေရသည့် ကာလဖြစ်ပါသည်။ အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ် ချေမှုန်းနိုင်မှသာ ရိုဟင်ဂျာ အပါအဝင် ပြည်သူတရပ်လုံး လူ့အခွင့်အရေး၊ တရားမျှတရေး ရရှိမည် ဖြစ်သည်။
ခေတ်အဆက်ဆက် အကြမ်းဖက်စစ်တပ်၏ ဖိစီးနှိပ်စက်မှုကို ရိုဟင်ဂျာ ပြည်သူများ အပါ အဝင် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ရင်စည်းခံခဲ့ကြရသောကြောင့် အာဏာရှင်စနစ်၏ ဖိစီးနှိပ် စက်မှုဒဏ်မှ ပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေးအတွက် ပြည်သူ့နွေဦး တော်လှန်ရေးကို ဆင်နွှဲတိုက်ပွဲဝင်နေကြရသည့် ကာလဖြစ်သည့်အတွက် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်း အပြည့်အဝစိုက်ထုတ်၍ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း နှင့် အမျိုးသားညီညွတ်ရေးအစိုးရသည် ရိုဟင်ဂျာလူထုနှင့်အတူတကွ စည်းလုံးညီညွတ်စွာ ရပ်တည် လျက် ရှိပါကြောင်း ရိုဟင်ဂျာပြည်သူများ ရက်စက်ကြမ်းကြုတ်စွာ အကြမ်းဖက်ခံခဲ့ရမှု အဋ္ဌမမြောက် နှစ်ပတ်လည် အောက်မေ့ဖွယ်နေ့တွင် သဘောထားထုတ်ပြန်အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top